HFM ၂၀၂၅ ငလျင်ဒဏ်ခံ အမွေအနှစ်နေရာများအား ဆန်းစစ်လေ့လာခြင်း စာအုပ်
Heritage for Myanmar အနေဖြင့် ၂၀၂၅ မတ်လ ၂၈ရက် မန္တလေးငလျင်ကြီးပြီးနောက် ၂ ပတ်အကြာတွင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော အမွေအနှစ်များအား စာရင်းကောက်ယူနိုင်ရန်နှင့် အမွေအနှစ်ထိခိုက်မှု ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်နိုင်ရန် HFM Application အားစတင် မိတ်ဆက်ခဲ့ပါသည်။ ထို့အချိန်မှ စတင်ကာ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် အမွေအနှစ်များစာရင်းအား ကောက်ယူခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ဧပြီလ၊ ၁၇ရက်နေ့ (မြန်မာနှစ်ဆန်း ၁ရက်) တွင် HFM မှစာရင်းကောက်ယူရရှိသော ငလျင်ဒဏ်ခံ အမွေအနှစ်နေရာများ၏ ဆန်းစစ်ချက်ရလဒ်များကို “ငလျင်၊ အမွေအနှစ်နှင့် ထိန်းသိမ်းရေး၊၂၀၂၅မတ်လ၊ ၂၈ရက်၊ ငလျင်ဒဏ်ခံ အမွေအနှစ်နေရာများအား ဆန်းစစ်လေ့လာခြင်း” ခေါင်းစဥ်ဖြင့် အများပြည်သူ သိရှိနိုင်ရန်မျှဝေလိုပါသည်။ အောက်ဖော်ပြပါ Link တွင် HFM ငလျင်ဆန်းစစ်ချက် စာအုပ်အား Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။
ပါဝင်ကူညီသူ တစ်ဦး၊ တစ်ယောက်တိုင်းအား အထူးပေးကျေးဇူးတင်ရှိပါသည်။
အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အများပြည်သူလူထု ပိုမိုစိတ်ဝင်စားကာ ယခင်ထက်ပိုမိုပါဝင်ကူညီနိုင်ပြီး၊ မြန်မာ့အမွေအနှစ်များ စနစ်တကျ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် တည်တံံ့နိုင်ရန် နှစ်သစ် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အမွေအနှစ်ဆန်းစစ်လေ့လာခြင်းစာအုပ် Download ရယူရန် Link –> Link 1 📚📚
–> Link 2 📚📚



